Monday, February 10, 2014

SQUAR မှန်၊မှား ဂိမ်း

ဒေါင်းလုတ်
Google Link

 

ပြိုင်ပွဲ

SQUAR မှန်/မှား version အသစ် ထွက်ရှိလာတဲ့အနေနဲ့ ကျွန်ုပ်တို့ဘက်မှ Samsung Star Plus ဖုန်းကို ဆုချီးမြှင့်ပေးမည့် အစီအစဉ်တစ်ခုရှိပါတယ်။

ကစားကြရအောင်!

ဘယ်လို အနိုင်ယူမလဲ

ပြိုင်ပွဲဝင်တွေက အခန်း (၅) နဲ့ အခန်း (၆) ကို အသက်မကုန်ပဲနိုင်အောင်ဆော့ရမှာဖြစ်ပါတယ်။ အခန်း ၆ ကိုနိုင်သွားတဲ့သူများထဲမှ ၃ယောက်ကို မဲနှိုက်ရွေးချယ်ပေးပါမည်။

စည်းကမ်းချက်များ

အခန်း ၅ နှင့် အခန်း ၆ ကိုသာ အသက်မကုန်ပဲ ကစားရုံနဲ့ သင်ပြိုင်ပွဲမှာ အနိုင်ရဖို့ အခွင့်အရေးရှိပါသည်။ ဒီဂိမ်းကို မကစားဖူးသူများကလည်း အခန်း ၁ ကနေ အခန်း ၄ အထိကို အသက်ကုန်သွားခဲ့ရင်တောင် ရောက်သည့်နေရာမှ ပြန်၍ ကစားနိုင်ပါတယ်။ဒါပေမယ့် အခန်း ၅ နှင့် အခန်း ၆ ကိုတော့ တစ်ကြိမ်မှ အသက်မသေပဲနဲ့ ကစားပေးမှသာလျှင် ပြိုင်ပွဲမှာ အကျုံးဝင်မှာ ဖြစ်ပါတယ်။ အကယ်၍ သင် အခန်း ၅ နှင့် အခန်း ၆ မှာ အသက်ကုန်သွားခဲ့ပါက အခန်း ၅ အစမှ ပြန်လည် ဆော့ကစားရပါမည်။

ကံကောင်းပါစေ SQUARers!

ဂိမ်းကစားရမယ့်အချိန်အကန့်အသတ်ကတော့ ယနေ့ည(၉)နာရီ (၃၁.၁.၂၀၁၄) မှ (၂၁.၂.၂၀၁၄) ည (၉) နာရီအထိပဲဖြစ်ပါတယ်... အနိုင်ရရှိသူတွေကို (၂၄.၂.၂၀၁၄)ရက်နေ့ နံနက် ၉နာရီမှာ ကြေညာပေးသွားမှာပဲဖြစ်ပါတယ်...

ဂိမ်းတွေကိုကြိုက်နှစ်သက်ပါသလား ? 
အခုပဲ ဒီစကားဝိုင်းမှာ ၀င်ရောက်ဆွေးနွေးလိုက်ကြပါစို့

www.mysquar.com/topics/gaming

နောက်ထပ် ဂိမ်းတွေအများကြီးလာပါဦးမယ်။

စတိဗ်ဂျော့နှင့် ပတ်သက်၍ လူသိနည်းသော အချက် 10 ချက်

စာပေအရသာ ပျက်သွားမှာ မလိုလားပါသဖြင့် မူရင်းရေးသားသူ၏ အရေးအသားအတိုင်း ပြန်လည်မျှဝေပေးလိုက်ပါတယ် ခင်ဗျာ၊၊

Innovation မှာ တူမတူအောင် စွမ်းဆောင်နိုင်ခဲ့မှုကြောင့် စတိဗ်ဂျော့ဆို မသိသူ မရှိလောက်အောင် အောင်မြင်ကျော်ကြားခဲ့ပါတယ်။ Apple Inc ကို တည်ထောင်ခဲ့တဲ့ စတိဗ်ဂျော့ရဲ့  လူသိနည်းတဲ့အချက်များကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။

၁။ စတိဗ်ဂျော့ဟာ သက်သက်လွတ်စားသုံးသူ ဖြစ်ပါတယ်။ ပြီးတော့ သစ်သီး သစ်ဥ ကို ကြိုက်နှစ်သက်သူ ဖြစ်ပါတယ်။ သူအကြိုက်ဆုံး အသီးကတော့ ပန်းသီး ဖြစ်ပြီး၊ ကုမ္မဏီကိုလည်း Apple လို့ပဲ အမည်ပေးခဲ့ပါတယ်။

၂။ စတိဗ်ဂျော့ဟာ ၂၀၁၀ ခုနှစ်က ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်စာရင်းထဲမှာ အဆင့် ၁၃၆ ရှိခဲ့ပါတယ်။ အဲဒီအချိန်က အမေရိကန်ဒေါ်လာ ၅.၅ ဘီလျံကြွယ်ဝပါတယ်။ အဓိကဝင်ငွေကို ဒစ်စနေးမှ ရရှိခြင်း ဖြစ်ပြီး တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၄၈ သန်း ဝင်ငွေ ရှိပါတယ်။ ကွယ်လွန်ခါနီး အချိန်က စတိဗ်ဂျော့ရဲ့ ပိုင်ဆိုင်မှုဟာ ၈ ဘီလျံ ရှိတယ်လို့ သိရပါတယ်။

၃။ စတိဗ်ဂျော့ ရဲ့ လစာကို သိရင် အင်မတန် အံ့သြဖို့ ကောင်းသွားပါလိမ့်မယ်။ Apple ကပေးတဲ့ သူ့ရဲ့  Annual Salary ဟာ ၁ ဒေါ်လာပဲ ရှိပါတယ်။ သူ့ ရဲ့ အဓိက ဝင်ငွေက သူပိုင်သော Disney မှ ဖြစ်ပြီး ဒစ်စနေးမှ ရှယ်ယာများနဲ့ ရပ်တည်နေသူ ဖြစ်ပါတယ်။

၎။ စတိဗ်ဂျော့ဟာ ကျောင်းထွက်ခဲ့သူ ဖြစ်ပါတယ်။ Reed ကောလိပ်မှာ semester တစ်ခုသာ ဖြေဆိုခဲ့ပြီး ကျောင်းထွက်ခဲ့ပါတယ်။

၅။ စတိဗ်ဂျော့ရဲ့ တကယ့် ဝါသနာအစစ်က နည်းပညာဘက်မှာ မဟုတ်ခဲ့ပါဘူး။ သူတကယ် ဝါသနာပါတဲ့ အရာက စာလုံးပန်းချီ ဖြစ်ပါတယ်။ စာလုံးကို ပုံစံလှလှရေးပြီးယင်းစာရွက်များကို စုတတ်တဲ့အကျင့် သူ့မှာ ရှိပါတယ်။

၆။ HP ကွန်ပျူတာ ကုမ္မဏီနဲ့ ပထမဆုံး နည်းပညာအစည်းအဝေးတတ်တုန်း က စတိဗ်ဂျော့ဟာ အသက် ၁၂ နှစ်ပဲ ရှိပါသေးတယ်။ သူဟာ အသက်ငယ်ငယ်နဲ့ နည်းပညာလောက ထဲကို ဝင်ရောက်လာသူ ဖြစ်ပါတယ်။

၇။ ဂျော့ဟာ မွေးစားသား ဖြစ်ပါတယ်။ သူ့ကို အမှန်တကယ် မွေးဖွားခဲ့တဲ့ မိဘတို့က စွန့်ပစ်ခဲ့လို့ အခြား မိဘများက ပြန်လည် မွေးစားခဲ့ခြင်း ဖြစ်ပါတယ်။

၈။ ဂျော့ဟာ ဗုဒ္ဓဘာသာဝင်တစ်ဦး ဖြစ်ပါတယ်။ မူလက ခရစ်ယာန်ဘာသာကို ကိုးကွယ်ပေးမယ့် ကောလိပ်ကျောင်းက ထွက်ပြီးနောက် ဗုဒ္ဓဘာသာဝင်တစ်ဦး ဖြစ်ခဲ့ပါတယ်။ ဇင် မဟာယနဘာသာ ဖြစ်ပြီး ထေရ၀ါဒ မဟုတ်ပါဘူး။ အိန္ဒိယနိုင်ငံကို လည်ပတ်ပြီး ဖြစ်ပေါ်လာတဲ့ သူရဲ့ ဆန္ဒဖြစ်ပါတယ်။ တစ်သက်လုံး ဘုန်းကြီးဝတ်သွားဖို့တောင် စိတ်ကူးထားသူလို့ ဆိုကြပါတယ်။

၉။ ဂျော့ဟာDyslexia ရောဂါသည် တစ်ဦးဖြစ်ပါတယ်။ ယင်းရောဂါဟာ အာရုံစူးစိုက်မှု အားနည်းသော ရောဂါ ဖြစ်ပါတယ်။ Dyslexia မှာ အကြား အားနည်းခြင်း၊ စကားပြော အားနည်းခြင်း၊ အမြင်အားနည်းခြင်း တို့ ဖြစ်ပြီး ဂျော့ ကတော့ စာဖတ်ရာမှာ အားနည်းသူ ဖြစ်ပါတယ်။ ဒီလိုရောဂါရှိတဲ့ သူများက အတွေးအမြင်ဆန်းသစ်မှုမှာ အားသာချက် ရှိတယ်လို့ ဆိုကြပြီး အိုင်းစတိုင်းဟာလည်း Dyslexia ရောဂါသည် တစ်ဦး ဖြစ်တယ်လို့ သိရပါတယ်။

၁၀။ ဂျော့မှာ အဆီးရီးယား သွေးတစ်ဝက် ပါပါတယ်။ သူ့ရဲ့ ဖခင်ဟာ အဆီး၇ီးယား လူမျိုးဖြစ်ပြီး မူဆလင်ဘာသာကိုးကွယ်သူများ ဖြစ်တယ်လို့ သိရပါတယ်။ မိခင်ကတော့ အမေ၇ိကန် လူဖြူဖြစ်ပါတယ်။
—–

Ref: gizmocrazed.com
အောင်ခမ်း ( smart.com.mm )

Ref:Smart Pro Journal

Frozen Keyboard ကာလာစုံ

Frozen Keyboard ကို Color အရောင်စုံ သုံးချင်သူများအတွက် zip ဖိုင်လေးလုပ်ပြီး တင်ပေးလိုက်ပါတယ်၊၊
ဒေါင်းလို့ရလာတဲ့ ဇစ်ဖိုင်ကို ဖြေလိုက်ရင် FrozenKeyboard Color စုံ APK လေးတွေ ရလာမှာပါ၊၊
အောက်ကလင့်ခ်မှာ ဇစ်ဖိုင်ကို ရယူနိုင်ပါပြီ၊၊


မှတ်ချက်-ယခင်ရှိပြီးသား Frozen keyboard ကို Uninstall အရင်လုပ်ပြီးမှ ဒေါင်းလုပ်ဆွဲထားတဲ့ APK ကို ပြန်သွင်းပါ၊၊

Credit-ကိုဇော်သွင် နည်းပညာ




Wednesday, February 5, 2014

ချစ်သူနဲ့ ပေါင်းဖတ်ရ / မရ တွက်ကြည့်မယ်

1 က 2 ခ 3 ဂ 4 ဃ 5 င 6 စ 7 ဆ 8 ဇ 9 ဈ 10 ည 11 ဋ 12 ဌ 13 ဍ 14 ဎ 15 ဏ 16 တ 17 ထ 18 ဒ 19 ဓ 20 န 21 ပ 22 ဖ 23 ဗ 24 ဘ 25 မ 26 ယ 27 ရ 28 လ 29 ၀ 30 သ 31 ဟ 32 ဠ 33 အ/ဥ ကကြီး ကနေ အ/ဥ အထိ နံပါတ်အလိုက်ရေးထားပေးပါတယ်။ အဆင့် 1 - မိမိနာမည်ကိုပေါင်းပါ။(နာမည်အေ ရှ့က မ၊မောင်၊နန်း၊ခွန်၊စိုင်း၊ စတာတွေထည့်တွက်စရာမလိုပါ။) (ဥပမာ - မအိအိအောင်ဆိုပါက မ ကိုထည့်တွက်စရာမလိုဘဲ အ+အ+အ = ရလဒ် ကိုသာ ယူရမှာဖြစ်ပါတယ်။) အဆင့် 2 - မိမိချစ်သူ နာမည်ကိုပေါင်းပါ။ အဆင့် 3 - မိမိနာမည်ပေါင်းရလဒ်နှင့် မိမိချစ်သူနာမည်ပေါင်းရလဒ် နှစ်ခုကိုပေါင်းပါ။ အဆင့် 4 - နှစ်ခုပေါင်းရလဒ်ကို (၉) ဖြင့် စားပါ။ နောက်ဆုံးအကြွင်းကိုကြည့်ပါ။ အကြွင်း 1 ကြွင်းလျှင် ။ အသက်မကချစ်ကြမည်။ ။ 2 ။ ။ ရင်နာစရာကြုံရမည်။ ။ 3 ။ ။ ဘ၀ဖူးစာဖက်များဖြစ်သည်။ ။ 4 ။ ။ နှစ်ဦးနှစ်ဖက် ပြေလည်မည်။ ။ 5 ။ ။ အစကချစ်လည်း .. နောင်မုန်းမည်။ ။ 6 ။ ။ တစ်ဦးက တစ်ဖတ်သက်သာချစ်ရရှာသည်။ ။ 7 ။ ။ ချစ်သော်လည်း မညားကြချေ။ ။ 8 ။ ။ မိဘများက သဘောမတူကြချေ။ ။ 0 ။ ။ ဘယ်လိုမှ အပ်စပ်လို့မရနိုင်ပါဘူး တဲ့ ။ မြန်မာရိုးရာဗေဒင်

Paper - stories from Facebook ( For iOS)



သတင်းတွေဖတ်ရှုနိုင်မည့် Paper app ကို Facebook က ထုတ်လုပ်ဖန်တီး ပေးလိုက်ပါပြီ၊၊
Facebook က ထုတ်လုပ်ဖန်တီးထားတဲ့ App ဆိုမှတော့ အထူးတလည် ချီးမွမ်းခန်း ဝင်မနေတော့ပါဘူး၊၊ယခုလေးတင် AppStore ပေါ်တက်လာတာ တွေ့လိုက်ရလို့ ချစ်မိတ်ဆွေများအတွက် ဒါရိုက်လင့်ခ်လေး ချိတ်ပေးလိုက်ပါရစေ၊၊ဖိုင်ဆိုဒ်ကတော့ 54.0 MB ပဲရှိပါတယ်၊၊လိုချင်သူများ ဒေါင်းလိုက်ကြပါဦးခင်ဗျာ၊၊



ရွှင်လန်းချမ်းမြေ့ကြပါစေ၊၊
                                  Henry Satern






ဖုန်းများ အားကုန် အောင် သုံးခြင်း ကြောင့် ဖြစ်တက်သော ပြသနာ အမျိုးမျိုး နှင့် ဖြေရှင်း ခြင်း

 ဖုန်း တစ်လုံး က အနည်း ဆုံး ၃.၇ ဗို့ ရှိမှ ပါဝါ တက်ပါမယ် ။ ၃.၇ ဗို့ ထက်နည်း ပါ က ဖုန်း ပေါ် မူတည်ပြီး ပြသနာ အမျိုးမျိုး ဖြစ်ပါတယ်

၁။ လိုဂို ရပ်ခြင်း
၂။ လိုဂို ပဲတက်ပြီး ပြန်ကျခြင်း
၃။ အားသွင်းပုံ ပြ သော်လည်း အားမ၀င် ခြင်း
၎။ ကြိုးထိုး ထားမှ ပါဝါ ဖွင့် ရခြင်း
၅။ အားသွင်းပုံ မပြ ပဲ လုံးဝ ပါဝါ ပျောက် ခြင်း 

ဓာတ်ခဲ တွေက 3.7 ဗို့ မှ 4.2 ဗို့ ကြား ထဲ ရှိရပါမယ် ။
3.7v ထက် လျော့ ပါ က အထက်ပါ error များကြုံ တွေ့ နိုင်ပါတယ် ။

ဘာကြောင့် 3.7ဗို့ အောက် လျော့ ကျ သလဲ ??

အကြောင်း အမျိုးမျိုး ရှိပါတယ် ။ အဓိက အဖြစ် များတာ က တရုတ် ဓာတ်ခဲ တွေ ကြောင့် ပါ ။ ဓာတ်ခဲ သုံးတာ ကြာ ရင် လဲ ဖြစ်တက်ပါတယ် ။
ဖုန်း ic တစ်လုံးလုံး မကောင်း တော့ ရင် လဲ လိုတာ ထက် ပို ပြီး အန်ပီယာ ဆွဲ တဲ့ အတွက် ဖြစ်ပါတယ် ။ 

ဘယ်လို ဖြေရှင်း မလဲ ???

ပုံ မှန် ဓာတ်ခဲ ထုတ် လို့ ရတဲ့ ဖုန်း တွေ က တော့ ဓာတ်ခဲ ထုတ်ပြီး ညှပ် ခွက် ( ဖားပါးစပ် ) နဲ့ အားသွင်း ကြည့် ပါ ။ 3.0 မှ 3.6 ဗို့ အတွင်း လက်ကျန် ရှိပါက ပြန်သွင်း လို့ အဆင်ပြေ နိုင်ပါတယ် ။ဒါ ပေမယ့် အားကုန်အောင် သုံး တိုင်း ပြန်ဖြစ်နေပါမယ် ။ 3.0V အောက် ရောက်ပါ က 
ဆိုင် မှာ ပဲ ပြုပြင် နိုင်ပါတော့ မယ် ။ 
အကောင်း ဆုံးကတော့ ဓာတ်ခဲ လဲ လိုက်ပါ ။

  အထူးသဖြင့် ဓာတ်ခဲ အသေ ဖုန်း တွေ မှာ အတက်နိုင် ဆုံးသတိ ထား သုံး ကြပါ ။ ဥပမာ iphone ၊ Tablet စတာ တွေ ဖြစ်ပါတယ် ။

အဲ့ ဓာတ်ခဲ အသေ ဖြစ်တဲ့ အတွက် ကိုယ် တိုင် လုပ် ဖို့ ခက်ခဲ တဲ့ အတွက် ဆိုင် သွား ရပါမယ် ။စက် ဖြုတ် ရတဲ့ အတွက် ၂၀၀၀ ၊ ၃၀၀၀ လောက် တော့ ပေးရမှာ ပါ ။iphone တွေ ကို တော့ Ipad အားသွင်း ခေါင်း နှင့် ကြိုး ကို အသုံး ပြုပြီး ပြန်လည် သွင်း နိုင်ပါတယ် ။

ကဲ သူငယ် ချင်း တို့ လဲ ဖုန်း ကို Battery Low ပေါ် ရင် ဖုန်းပြော ခြင်း ၊ သီချင်း နားထောင် ခြင်း ၊ Game ဆော့ ခြင်း များ မပြု လုပ် ခြင်း ဖြင့် ရှောင်ရှား နိုင်ပါတယ် ။အကောင်း ဆုံး က ဖုန်း 5% ရောက်ပြီ ဆိုရင် ပိတ်ထား လိုက်ပါ ။


သူငယ်ချင်း တဲ့ ရဲ့ သူငယ်ချင်း တွေ သိအောင် ရှယ် ပေး လိုက်ပါ အုံး ....

Credit- Mobile House
            Mobile Service and Training Center,Mandalay

Sunday, February 2, 2014

မိမိတို့ရဲ့ iPhone ဟာ Lock Phone လား၊Unlock Phone လား စစ်ကြည့်ရအောင်

မိမိတို့ရဲ့ iPhone ဟာ Lock phone လား၊Unlock phone လား စစ်ကြည့်ချင်တယ်ဆိုရင်တော့ အောက်ပါလင့်ခ်ကနေတဆင့် ဝင်ရောက်စစ်ဆေးကြည့်ရှုနိုင်ပါတယ်၊၊
http://www.iphonefrom.com/ ကိုဝင်ရောက်ပြီး မိမိတို့ iPhone ရဲ့ Model Number ကို ရိုက်ထည့်ကာ Check
ကိုနှိပ်ပြီး စစ်ဆေးကြည့်ရှုနိုင်ပါတယ်၊၊

                       Henry Satern